ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ




MNP - မတ်    ၂၀

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့် က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၇)သင်းက ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ယခုပြိုင်ပွဲသည် အသက်ကန့်သတ်ချက်မရှိသည့်အတွက် မိမိတို့၏ ဘောလုံးအားကစား စွမ်းရည်ကို အကောင်းဆုံးဖော်ထုတ်ပြသခွင့်ရရှိပြီး အကြိတ်အနယ် ရှိမည့် ပွဲကောင်းတစ်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း၊  ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့ မြို့နယ်အသင်းအနိုင်ရရှိရေးကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် ဖာပွန်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို မတ်လ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)