ဂွမြို့နယ်တွင် "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တော် အဂ္ဂပူဇာပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တော် အဂ္ဂပူဇာပွဲ အခမ်းအနား ကျင်းပ




MNP ၊ မတ်   ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ မြို့မရပ်ကွက်၊သဒ္ဓမ္မမေဒနီမြို့မကျောင်းတိုက်၏ အာဒိကမ္မိက၊ ပဓါန နာယကဆရာတော် ဘဒ္ဒန္တသုစိတ္တဓမ္မအား "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တော် အဂ္ဂပူဇာပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က သဒ္ဓမ္မမေဒနီမြို့မကျောင်းတိုက် အတွင်းရှိ မဏိသာရမေဒနီဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရစ်သက္ကရာဇ်၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက ဗုဒ္ဓမြတ်စွာသာသနာတော်၏ အကျိုးကိုထက်သန်သောဆန္ဒ၊ သမ္မပ္ပဓာန် ဝီရိယတို့ဖြင့် သယ်ပိုးဆောင်ရွက်တော်မူတော် သာသနာ့ဓုရာဝဟဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဘဒ္ဒန္တသုစိတ္တဓမ္မ အရှင်သူမြတ်ကို  "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျိန္တလီလယ်တီတောင်ပေါ်ကျောင်းဆရာတော် ထံမှငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်လာသည့်သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရန်ကုန်မြို့ ဇေယျဝတီ ပရိရတ္တိ စာသင်တိုက် နာယကဆရာတော်က သြဝါဒကထာမြွက်ကြားခြင်း၊ ဘွဲ့ခံဆရာတော်အား ပူဇော်ပွဲကျင်းပပြုလုပ်ရာ ဓမ္မာရုံသို့ပင့်လျှောက်ခြင်း၊ ဘွဲ့ခံဆရာတော်အားထေရုပတ္တိ ကဗျာလင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ ဆရာတော်၏ ထေရုပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခြင်း၊   ဆရာတော်အား ရတုတေးထပ်၊မင်္ဂလာကဗျာများ၊လေးချိုးများဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ဘွဲ့ခံဆရာတော်အား အလှူရှင်များက ဘွဲ့တံဆိပ်တော်နှင့် ဒါနဝတ္ထုအစုစုကိုဆက်ကပ်လှူဒါန်းခြင်း၊ ဘွဲ့ခံဆရာတော်က အနုမောဒနာတရားချီးမြှင့်ခြင်းနှင့် "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခြင်းများကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူဇော်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)