စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ



 MNP ၊ မတ် ၁၆

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ် Major General Pen Sokrethvithyea ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham ၊ ဘူရူးနိုင်းနိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့ နှင့် သီးခြားစီ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲများတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှု ဆိုင်ရာ ကိစ္စရပ် များနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)