ပဲခူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြမီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြမီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်






MNP - မတ်   ၁၇

 ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာနများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် (၁၁)နာရီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး‌ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် ဦးစီးမှူး ဦးမိုးဝင်းထွန်းက အသိပညာပေးဟောပြောရာတွင် မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးသတ်ဆေး အကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဦးစီးဌာနမှ ရောက်မလာခင် ရုံး၊ ဌာနများနှင့် နေအိမ်များသို့  ကူးစက်မှုမဖြစ်ပွားစေရေး  အသိပညာပေးခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊  ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မီးငြိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်မှုသရုပ်ပြခြင်းကို ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)မှ ဝန်ထမ်းများက ပူးပေါင်း ပါဝင်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)