MNP ၊ မတ် ၁၇
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်း တည်းဖြတ်ခြင်းများကို မဖြစ်မနေတတ်သိနားလည်ထားရမှာဖြစ်သည့်အတွက် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယနေ့ မွန်ူလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကိုသတင်းများ ပြန်ကြားပေးရမည့် တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာနက ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် လူမှုမီဒီယာများမှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပြီးသတင်းစာတွင်လည်းသတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ ယနေ့ခေတ်တွင် အများစုသည်မိုဘိုင်းဖုန်းများမှတစ်ဆင့် သတင်းများကို ဖတ်ရှုကြကြောင်း၊ ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုအရပြည်သူအများစုအသုံးပြုသည့် လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင် သတင်းများအားဖော်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗီဒီယိုသတင်းများကို ရိုက်ကူးပေးပို့နိုင်ရန် ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သတင်းရိုက်ကူးရာတွင် ဌာနက ချမှတ်ထားသည့် Media Engagement Plan နှင့်အညီ ရိုက်ကူးရန်ဖြစ်ကြောင်း၊ သတင်းများအပြင် ပြည်သူများ စိတ်ဝင်စားမှုရှိသည့်အကြောင်းအရာများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးပေးပို့ စေလိုကြောင်းပြောကြားသည်။
ထို့နောက် ဗီဒီယိုတည်းဖြတ်နည်းများကို ဦးစီးအရာရှိ(တာဝန်ပေး)ဦးနိုင်ဝင်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်ကျော်လတ်တို့က လက်တွေ့ရှင်းလင်းပြသပေးခဲ့ကြသည်။
သင်တန်းတွင် ခရိုင်/မြို့နယ်မှ အမှုထမ်းများအားဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းကို မတ် ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment