ရပ်စောက်မြို့နယ်၌ (၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်၌ (၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်



MNP - မတ်    ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် (၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်  ၆ နာရီက စူဠာမုနိကုသိုလ်တော် ဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ဆရာတော်သံဃာတော်များနှင့် စေတနာရှင်အလှူရှင်များက စူဠာမုနိ ကုသိုလ်တော် ဘုရားကြီးနှင့် မြို့မဓါတ်ပေါင်းစု စေတီတော်မြတ်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး နံနက်(၇) နာရီတွင် သံဃာတော်အရှင်သူမြတ်များအား နံနက်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ထို့နောက် တရားတော်နာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက ဈေးတန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြ၍ ဆရာတော်သံဃာတော်အပေါင်းတို့က မေတ္တာသုတ် ပရိတ်တရား တော်များ ရွတ်ဖတ် ချီးမြှင့်တော်မူခဲ့ကြသည်။ ယင်းနောက် အလှူရှင်များက   သံဃာတော်တော်များအား လှူဒါန်း ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးခြင်း တို့ကိုပြုလုပ်ခဲ့ကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်အပေါင်းတို့အား ကန်တော့ ကြ၍ ဆရာ/ဒါယကာအားလုံးတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် သံပြိုင်ရွတ်ဆို ဆုတောင်းကြကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြကြောင်း သိရသည်။

 ဆက်လက်၍ မွန်းလွဲ (၂)နာရီတွင် ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၁၆)ကျောင်းသို့ မြို့နယ် အတွင်းရှိဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာများမှ အလှူရှင်ပြည်သူများက လှူဒါန်းထားသည့် ဆွမ်းဆန်တော် များ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဒါန်းဖွယ်ရာ အစုစုတို့ကို ဆရာတော်သံဃာတော်များ၏ လက်ဝယ်အရောက်ပေးပို့ ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲထက်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)