ရွှေတိဂုံစေတီတော်တွင် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်တွင် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ပြုလုပ်


MNP ၊ မတ် ၁၇

ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန် ဆောင်းတွင် (၂၆၁၀) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အား (၇.၃.၂၀၂၂)ရက်နေ့မှ (၁၆.၃.၂၀၂၂) ရက်နေ့အထိ  (၁၀)ရက်တိုင်တိုင် ကျင်းပခဲ့သည်။ သို့ဖြစ်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က အဆိုပါတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အောင်ပွဲ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် သြဝါဒစရိယ ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသပါ သံဃာတော် ၁၈ ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရွှေတိဂုံစေတီတော် အလှည့်ကျဂေါပက ဦးဘိုးသင်းနှင့် ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင် အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ်(၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ယောဆရာ တော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသထံမှ ကိုးပါးသီလခံယူ ဆောက်တည်စေပြီး ရွှေတိဂုံစေတီတော် အလှည့်ကျဂေါပက ဦးဘိုးသင်းမှ ဗုဒ္ဓပူဇနိယမင်္ဂလာ အနုမောဒနာစကား လျှောက်ထားခြင်း၊ ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်များ နာကြားခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချ အနုမော ဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေခြင်း၊ ဆရာတော် ဘဒ္ဒန္တ ကေလာသမှ နတ်ဗြဟ္မာများ အား ဂါထာပါး၍ ပြန်လည်ပို့ ဆောင်ပြီးနောက် ၁၀:၀၀ နာရီအချိန်တွင် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ (၂၆၁၀) နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါပက အဖွဲ့ဝင်များမှ စေတီတော်ရင်ပြင် သောကြာထောင့်ရှိ ထီးတော်ရုံ တန်ဆောင်းတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြခဲ့သည်။


သတင်း - မေသန္တာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)