ရွှေတောင်မြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှု အမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှု အမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေး



MNP - မတ်    ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို  ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ် လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ရွှေမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ ကိစ္စရပ်များနှင့် အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံး တွင်အကျုံးဝင် မှတ်ပုံတင် ထားသော ပြည်ရေနံမြေမှ အာမခံအလုပ်သမား ဦးရန်နိုင်ဦး၏ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် (၃၃၃၀၄၃၂/-) ကျပ် ကိုမြို့နယ် လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ရွှေမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)