ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ ပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ ပြိုကျပျက်စီး

 


MNP - မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ အနည်းငယ်ပြိုကျပျက်စီးခဲ့ကြောင်း မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွက်ကဲရေးရုံးမှ သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကွင်းဘက်ကျေးရွာအုပ်စု၊ ကွင်းဘက်ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် သွပ်အမိုးအနည်းငယ်နှင့် မျက်နှာကြပ်ကျောက်ပြား အနည်းငယ်နှင့် ကွင်းဘက်ကျေးရွာ ကျေးလက်ဆေးပေးခန်း သွပ်အမိုးလန် အနည်းငယ်ပျက်စီးပြီး၊ ကွင်းဘက်ကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာ စာသင်ကျောင်း သွပ်အမိုးအနည်းငယ်ပျက်စီးခဲ့သည်။

ပြီးနောက်ပန်းမော်ကျေးရွာအုပ်စု၊ ပန်းမော်ကျေးရွာနှင့် ပန်းမော်ကျေးရွာအုပ်စု၊ ငန်းချောင်းကျေးရွာတို့ရှိဓနိမိုး၊ ထရံကာလူနေအိမ်(၁၀)လုံးမှာ ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါအိမ်ထောင်စုဝင်တို့အား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ပြောင်းရွေ့နေရာချထားပေးခဲ့ကြသည်။ အဆိုလေပြင်း တိုက်ခတ်မှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။

သတင်း - ပြုံးမောင်မောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)