Rs to CS မျိုးစေ့ထုတ် တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါ်လင်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Rs to CS မျိုးစေ့ထုတ် တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါ်လင်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ


MNP - မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သောRs to CS မျိုးစေ့ထုတ်တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါလင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်အနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်က မျိုးစေ့ထုတ် တောင်သူများအား သီးနှံရိတ်သိမ်းချိန်တွင် မိုးရေစိုစွတ်မှုမရှိစေရန် အောက်ခံအနေဖြင့် ခင်းကျင်း ထားရှိရန်   တာပေါ်လင်ပေးအပ်ရခြင်း ရည်ရွယ်ချက်အား မျိုးစေ့ထုတ်တောင်သူဦးကြီးများအား ရှင်းလင်းပြောကြာပြီး မျိုးစေ့ထုတ်တောင်သူဦးကြီးများအား တာပေါ်လင်ပေါင်း အချပ် (၆၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်သိန်းထွန်း၊ မြေစာရင်းဦးစီးအရာရှိ ဦးဇော်ဇော်ထွန်းနှင့် ကျေးရွာပေါင်း (၉)ရွာမှ မျိုးစေ့ထုတ် တောင်သူ(၂၅) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)