MNP ၊ မတ် ၂၂
ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို ရှေးဟောင်း အဆောက်အဦများဖြိုဖျက်မှုနှင့် ဖမ်းဆီးလိုက်ကြောင်း သတင်း ထွက်ပေါ်လာပြီးနောက် NLD အစိုးရလက်ထက်တွင် ဒေါ်စုနဲ့ ပေါင်းပြီး ရှေးဟောင်းအဆောက်အဦတွေကို ဖျက်ဆီးခဲ့သလို ပုဂံဘုရားတချို့ ဌာပနာဖောက်မှုများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်ရေးသားမှုများ တွေ့မြင်လာရသည်။
ရှေးဟောင်းအဆောက်အဦတွေကို ခွင့်ပြုချက်မရဘဲ ဖြိုဖျက်ရန်စေခိုင်းမှု၊ ဖြိုဖျက်ချမှုတို့နဲ့ ဒုဗိုလ်မှူးကြီးအောင်ကျော်မိုး(စစ်ထောက်ချုပ်ရုံး)က တရားလိုပြုလုပ်တိုင်ကြားခြင်းဖြစ်ပြီး ဗဟန်းမြို့မရဲစခန်းတွင် ဖမ်းဆိးစစ်ဆေးနေကြောင်း သိရသည်။
ပ ၃၉/၂၀၂၂ ဖြင့် အမှုဖွင့် တိုင်ကြားထားသည့် စာအရ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရှေေးဟောင်းသမိုင်းဝင် အဆောက်အဦ များဖြစ်သော မြို့တော်ဝန်အိမ်ဟောင်း (House-C)၊ မြို့တော်ဝန်ဧည့်ဂေဟာ (House-D) အပါအဝင် အဆောက်အဦ(၄)လုံး ဖြိုဖျက်ခံရသဖြင့် အမွေအနှစ်များဆုံးရှုံးခဲ့ကြောင်း၊ ဖြိဖျက်ခံရသော အဆောက်အဦများအနက် (House-C) နှင့် (House-D) တို့သည် ရှေးဟောင်းလက်ရာ အဆောက်အဦများအဖြစ် သတ်မှတ်ကြေညာထားသော အဆောက်အဦများဖြစ်ခြင်းကြောင့် ခွင့်ပြုချက်မဲ့ ဖြိုဖျက်ခံခဲ့ရမှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသည့် ဇေကမ္ဘာကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးခင်ရွှေ၊ အဆောက်အဦများ ဖြိုဖျက်ရန် ညွှန်ကြားစေခိုင်းသူများနှင့် ဖြိုဖျက်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးမှ တရားလိုပြုလုပ်တိုင်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment