မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ဖိုကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ဖိုကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေး



MNP - မတ်    ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ၊ဖိုကြီးကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကျေးရွာရှိအသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်မပြုလုပ်ရသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အဆိုပါကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ မှတ်ပုံတင်ကတ်များ ပြုလုပ်ဆောင်ရွက်ပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်က ဖိုကြီးကျေးရွာရှိ မိဘပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားများပြောကြားခဲ့ပြီး ဝန်ကြီးနှင့်ဇနီးဒေါ်သီတာချိုက တက်ရောက်လာသော ဒေသခံပြည်သူများ အား ကြက်ဥ ၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်း (Mask)များ ပေးဝေခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့သစ်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ဆက်လက်၍    လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်ဇနီးသည်  ဖိုကြီးကျေးရွာရှိ    ပုဗ္မာရုံကျောင်း တိုက်သို့ သွားရောက်၍  ဆရာတော်အား ဖူးမြှော်ပြီး  လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)