ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းအခြေအနေကြောင့် ယာယီရပ်နားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းပြန်လည်စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းအခြေအနေကြောင့် ယာယီရပ်နားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းပြန်လည်စတင်

 





MNP - မတ်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေ ကြောင့် မတ်လ (၂၂ ရက် နှင့် ၂၃) ရက်နေ့များတွင် ယာယီရပ်နားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယခင်ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့်  အမျိုးသားခန်းမ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ပုံမှန်ပြန်လည် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရန် ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုး‌ဆော် ကြေညာခဲ့ပြီး ယနေ့တွင် ကိုယ်ဝန် သက်တမ်း (၈)လ အောက် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးအသက်(၆)လ အထက် နို့တိုက် မိခင်များကို ဦးစားပေး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးခြင်း၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ရှေ့ပိုင်း(ပထမ)အကြိမ် ကာကွယ်ဆေး ထိုးနှံထားသူများကို (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းတို့ကို ပုံမှန်ပြန်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာမြို့အဆင့် ကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ကြက်ခြေနီအသင်းခွဲငယ်၊ လူမှုရေးအသင်း အဖွဲ့များမှ အဆက်မပြတ် ဝိုင်းဝန်းပူး‌ပေါင်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)