အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်း အခမ်းအနားကျင်းပ


MNP - မတ်   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အောင်ချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းလီမိ

တက်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို မတ်လ ၂၄ ရက် နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ လွိုင်လင်မြို့နယ် စီမ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် စာရင်းစစ်အဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက်ဘဏ္ဍာရေး ရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာကိုလည်းကောင်း၊ ဒါရိုက်တာအဖွဲ့၏လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်ကိုလည်းကောင်း တာဝန်ရှိသူများက ဖတ်ကြားကြသည်ပြီးနောက် ဘဏ္ဍာရေးရှင်းတမ်း၊ ဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို အသင်းသားများထံ အတည်ပြုချက်ရယူသည်။ ထို့နောက် ထူးချွန်အသင်းသားများ ဂုဏ်ပြုဆုငွေထုတ်ပေးခြင်း၊ အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုး ထုတ်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပြီးနောက် အသင်းဥက္ကဋ္ဌ ဒေါ်နန်းစိန်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ပြီး အသင်းသား ၅၆၆ ဦးရှိကာ အသင်းသားတစ်ဦးလျှင် အစုငွေ ၁၀၀၀၀ ကျပ်နှုန်းဖြင့် စုဆောင်းငွေကျပ်သိန်း ၂၃၀၀ ကျော်ရှိကြောင်းနှင့် ယနေ့ အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုး (၁၈၆၅၇၂၀ဝိ/-) ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)