မလှိုင်မြို့နယ်တွင် လူဦးရေဆိုင်ရာ အချက်အလက်များ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်တွင် လူဦးရေဆိုင်ရာ အချက်အလက်များ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ



MNP ၊ မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် လူဦးရေဆိုင်ရာ အချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ မြေပြင်လူဦးရေစာရင်းကောက်ယူရာ တွင် ပူးပေါင်း ဆောင်ရွက်ပေးကြသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန် ထမ်းများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက်  လူဦးရေစာရင်း အချက်အလက် များကို ကွန်ပျူတာသို့ ထည့်သွင်းပြီးဖြစ်၍ ဌာန(၃)မှ ပူးပေါင်းကာ (၂၈.၃.၂၀၂၂)ရက်နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ လူဦးရေဆိုင်ရာအချက် အလက်ပြုစု ထားခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုက်ဆိုင်စစ်ဆေးရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လူဦးရေစာရင်း တိုင်ဆိုင်စစ်ဆေးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်များကို ချပြဆွေးနွေးခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်း အစုအဖွဲ့တို့ဖြင့် လက်တွေ့စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို သရုပ်ပြသခဲ့သည်။

မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာဖြင့် ဖွဲ့စည်းထား ကြောင်းသိရပြီး ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့နယ်လဝက ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာ‌ရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ 


သတင်း - အောင်ဌေး(မလှိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)