ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အင်္ဂလိပ်စာ၊ ပန်းချီ၊ ရှေးဦးသူနာပြုစုနည်း၊ Video Editing နည်း သင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အင်္ဂလိပ်စာ၊ ပန်းချီ၊ ရှေးဦးသူနာပြုစုနည်း၊ Video Editing နည်း သင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည်



MNP - မတ်    ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်အတွက် အင်္ဂလိပ်စာ၊ ပန်းချီ၊ ရှေးဦးသူနာပြုစုနည်း၊ Video Editing နည်း သင်တန်းများကို နွေရာသီကာလအတွင်း  အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။          

ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း  လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ Video Editing (ဖုန်းဖြင့်) နည်း သင်တန်းကို မတ်လ ၂၉ ရက်မှ ၃၀ ရက် ထိ လည်းကောင်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်းကို ဧပြီလ ၄ ရက် မှ ၆ ရက် ထိ လည်းကောင်း၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဧပြီလ ၂၁ ရက် မှ ၂၃ ရက် ထိ လည်းကောင်း၊ အင်္ဂလိပ်စာ(Grammer)သင်တန်းကို ဧပြီလ ၂၅ ရက် မှ ၂၇ ရက် ထိ လည်းကောင်း သက်ဆိုင်ရာ ကျွမ်းကျင်သင်တန်းနည်းပြများဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)