စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ဗုဒ္ဒါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် သီတဂူဆရာတော်ကြီး၏ သက်တော်(၈၅)ပြည့်မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ဗုဒ္ဒါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် သီတဂူဆရာတော်ကြီး၏ သက်တော်(၈၅)ပြည့်မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတက်ရောက်


MNP ၊ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင် စေတီတော်ကြီး ရှိဓမ္မာရုံတော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီး နှင့် ပင့်သံဃာဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အလှုရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များမှ စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင် ဘုရား ဗုဒါဘိသေက အနေကဇာတင် ပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင်ဘုရား ဗုဒါဘိသေက အနေကဇာတင် ရေစက်ချ မင်္ဂလာအခမ်းအနားကို ကျင်းပရာ နမောသဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတာ်၊သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ငွေပဒေသာပင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ အလှူရှင်များက ပေးအပ်လှူဒါန်းကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်းတစ်ရာ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ဂေါပက အဖွဲ့ဥက္ကဋ္ဌထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူ ကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီ ဆင်များရှင်ဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပသော စစ်ကိုင်း မြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီး၏ သက်တော်(၈၅)ပြည့် မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက စစ်ကိုင်းတောင်မြို့ရှိ ကျောင်းတိုက်များမှ သံဃာ တော်အပါးများအား အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူနေမှုများအား လှည့်လည်ကြည့်ရှု အားပေး ကြည်ညိုကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သံဃာတော်၊ အရှင်သူမြတ် များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)