ကျွန်းစုမြို့တွင် ရွှေထီးတော်မြတ်တင်လှူခြင်းနှင့် အဘယလာဘမုနိရုပ်ပွား‌တော်မြတ် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် ရွှေထီးတော်မြတ်တင်လှူခြင်းနှင့် အဘယလာဘမုနိရုပ်ပွား‌တော်မြတ် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပ

 


MNP - မတ်    ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရွှေထီးတော်မြတ် တင်လှူခြင်းနှင့် အဘယလာဘ မုနိရုပ်ပွား‌တော်မြတ် ပင့်ဆောင်ပူဇော်ပွဲကို  ယမန်နေ့(တပေါင်းလပြည့်နေ့) ည(၆)နာရီအချိန်က ထိန်ချောင်းကျေးရွာရှိ အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ကျေးရွာဂေါပကအဖွဲ့က ပင့်ဆောင်ခဲ့ပြီး ဗုဒ္ဓဘိသေကအနေကဇာများ ရွတ်ဖတ်သရဇ္ဇယ်တော်မူကြပြီးနောက် ရွှေထီးတော်၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်တို့ကို တင်လှူပူဇော်ခဲ့ကြသည်။

ထိုသို့ တင်လှူရာတွင် တပ်မတော်(ရေ)မှ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး ဒေါက်တာ အေးခိုင်ညွှန့် မိသားစုတို့မှ လှူဒါန်းပူဇော်အပ်သော “ထီးတော်မြတ်နှင့် အဘယလာဘ မုနိရုပ်ပွား‌တော်မြတ်” ကို ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် ဇနီး ဒေါက်တာ အေးစိုး မိသားစုတို့နှင့် ထိန်ချောင်းကျေးရွာမှ ရွာသူ/ရွာသားများ စုပေါင်းကာ ပင့်ဆောင်ပူဇော်ခဲ့ကြကာ ဘုရားဖူးလာပြည်သူများမှ သာဓု(၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။

ထိုနောက် ယနေ့တွင် ဆရာတော်ထံမှ အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ လှုဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်း - စည်သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)