MNP - မတ် ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် Grade-9 အလယ်တန်းအဆင့်၊ ပညာသင်ကြားနေသည့် ကျောင်းသား/သူများသည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ အတန်းတင် စာမေးပွဲကို စာစစ်ဌာနများအလိုက် စတင်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇၉ )ကျောင်းမှ ကျောင်းသား (၃၆၃)ဦး နှင့်ကျောင်းသူ (၄၄၀)ဦး စုစုပေါင်း (၈၀၃)ဦးတို့သည် အစိုးရစစ် အလယ်တန်း အဆင့် Grade (9) အဋ္ဌမတန်း အတန်းတင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။
အဆိုပါ အလယ်တန်းအဆင့် Grade (9) အဋ္ဌမတန်း စာမေးပွဲဖြေဆိုရာတွင် အခြေခံပညာကျောင်း (၁၅၈)၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၇)ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း(၁၄) ကျောင်းတို့မှ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၀၃)ဦးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ဝင်းမောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment