MNP - မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် တနင်္သာရီမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုအသီးသီးရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့ နံနက် ၁၀ နာရီ ၄၅ အချိန်မှစ၍ တွေ့ဆုံပွဲတစ်ရပ် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မောတောင် မြို့အုပ်ချုပ်ရေးမှူး၊ ကုသရေးမှူးဆရာဝန်များ၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် မိတ်ဘက်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ အင်အား(၃၆)ဦးတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က မြို့နယ်အတွင်း ဆေးထိုးစုရပ်များခွဲ၍ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေရန် လျာထား(၈၁၄၅၆)ဦးအနက် လက်ရှိ(ပထမ)အကြိမ် ထိုးနှံပြီးစီးသူ(၅၄၅၁၅)ဦးနှင့် (ဒုတိယ)အကြိမ် ထိုးနှံပြီးသူမှာ (၄၉၀၃၂)ဦးရှိပြီဖြစ်ရာ ယနေ့အထိထိုးနှံပြီးစီးမှုရာနှုန်းမှာ (၆၆.၉၃) ရှိပြီဖြစ်ကြောင်း၊ လုံခြုံရေးအရ ကျေးရွာတချို့၏အခက်အခဲများကို တင်ပြဆွေးနွေးပေးသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရာမှာ အခြေခံကျပြီး အောက်ဆုံးအဆင့်ကကျေးရွာများ၏ အခြေအနေအမှန်တွေ အခက်အခဲတွေကိုသိရှိဖို့ ဖြေရှင်းပေးနိုင်ဖို့ အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း မိမိကို ပွင့်ပွင့်လင်းလင်းနဲ့ ရင်းနှီးစွာ တင်ပြပေးကြစေလိုကြောင်း လမ်းညွှန် ပြောကြားသည်။
ယင်းနောက် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဦးဆောင်ကြီး ကြပ်ဆောင်ရွက်ပေးနေသော မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်းက လက်ရှိဝန်ထမ်းအင်အားအခြေအနေနှင့် ကာကွယ်ဆေးထိုးခြင်းငန်း ဆောင်ရွက်ပေးနေမှုအခြေအနေကိုလည်းကောင်း၊ တကူ(စံပြ)တိုက်နယ်ဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၊ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့၏ လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် အခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ ဝန်ကြီးက ကာကွယ်ဆေးလွှမ်းခြုံ နိုင်ရေးနှင့် ရာနှုန်းပြည့်အောင်မြင်စွာ ထိုးနှံပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို မွန်းလွဲ ၁၂ နာရီ ၁၅ အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment