ဖျာပုံခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ် သော နွေရာသီအခြခံအားကစားနည်း (၁၂) မျိုးသင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ် သော နွေရာသီအခြခံအားကစားနည်း (၁၂) မျိုးသင်တန်းဖွင့်



MNP - မတ်    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစား ဆပ်ကော်မတီများ ပူးပေါင်း၍ လူငယ်လူရွယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ဖွံ့ ဖြိုးတိုးတက်စေ ရန်နှင့် မြန်မာနိုင်ငံ၏ အားထားရသော အားကစား သမားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်း (၁၂) မျိုး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖျာပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပ နွေရာသီအခြခံအားကစားနည်း (၁၂) မျိုး သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက သင်တန်းဖွင့်လှစ် ရခြင်း၏ရ ည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်နှင့် တိုင်းအဆင့် မြန်မာ့သိုင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိသော ဖျာပုံမြို့နယ် နေလရောင်ပင်မ မြန်မာ့သိုင်းအဖွဲ့မှ သိုင်းစွမ်းရည်များ ပြသဆောင်ရွက်ခြင်းနှင့် မြို့နယ်အေရိုးဗစ် အားကစားသမားများမှ အေရိုးဗစ်အကများဖြင့် တင်ဆက်ကပြကြသည်။

အဆိုပါ နွေရာသီအခြေခံအားကစားနည်းများမှာ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ရိုးရာခြင်း၊ အေရိုးဗစ်၊ ကာယဗလနှင့် စားပွဲတင်တင်းနစ်စသော အားကစားနည်း (၁၂) မျိုးအား မြို့နယ် အားကစားခန်းမ၊ မြို့နယ်ဘောလုံးကွင်း၊ မြို့နယ်ရိုးရာခြင်းလုံးရုံ၊ မြို့နယ်ကာယဗလရုံနှင့် မြို့နယ် တင်းနစ်ကွင်းတို့တွင် (၂၃-၃- ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိ သင်တန်းသားသင်တန်းသူ (၂၀၀)  ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

သတင်း - အောင်ဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)