ကျောက်ဆည်မြို့၌ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့၌ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်

 


MNP -  မတ်   ၂၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း သုံထပ် ဆောင် အစည်းအဝေးခန်းမနှင့် ခရေအဆောင်တို့တွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးများအား စီမံခန့်ခွဲမှုမွမ်းမံ သင်တန်းကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။

သင်တန်းတွင်မြို့နယ် ပညာရေးမှူး ဒေါ်မိမိအောင်က သင်တန်းသား/သင်တန်သူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချလိုက်သော ဘာသာရပ်များကို အလေးထားမှတ်သားထားကြပြီး လုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် စနစ်တကျထမ်းဆောင်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူး ဦးညွှန့်ဝင်း၊ လက်ထောက်ပညာရေးမှူး ဦးမြလှိုင်နှင့် ဦးမျိုးဝင်းလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအောင် (စာရင်းအင်း) တို့က စီမံဘာသာရပ်၊ ဘဏ္ဍာ ဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းစာရင်းအင်း ဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်များအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စီမံခန့်ခွဲမှုမွမ်းမံသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ရုံးဝန်ထမ်းများ (၁၇၄) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှ သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)