မိုးညိုမြို့နယ် ရင်းနှောင်းကုန်းကျေးရွာတွင်မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ် ရင်းနှောင်းကုန်းကျေးရွာတွင်မီးလောင်မှုဖြစ်ပွား


MNP - မတ်    ၆

       ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ ဟင်္သာချောင်အုပ်စု၊ ရင်းနှောင်းကုန်းကျေးရွာတွင်ယမန်နေ့ ညနေ (၃)နာရီ(၁၅)အချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

       မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာဦးမြင့်ဆွေအသက် (၆၀)နှစ်(ဘ)ဦးအောင်မြိုင်( လေငန်းရောဂါဖြစ်ပွားနေသူ)မှရေနွေးအိုးတည်ရန် ဒီဇယ်ဖြင့်မီးမွှေးရာမှမီးစတင်လောင်ကျွမ်းခဲ့ရာအနီးဝန်းကျင်ရှိနေအိမ် (၃)လုံးအားမီးလောင်ကျွမ်းခဲ့ပြီး ဦးမြင့်ဆွေ မှာမီးလောင်ကျွမ်းမှုကြောင့်သေဆုံးခဲ့သည်။

       မီးလောင်ရာသို့ကျေးရွာနေပြည်သူ (၄၀)ဦးခန့်မှဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ(၁၅း၄၀)အချိန်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့်အိမ်ထောင်စု (၄)စု၊ကျား(၅)ဦး၊မ(၈)ဦး၊ ကျား(၁)ဦးသေဆုံးပြီးစုစုပေါင်း (၁၄)ဦးအိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရပြီးစုစုပေါင်းတန်ဖိုး (၉၆၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့်မီးကိုပေါ့ဆစွာအသုံးပြုမှုကြောင့်မီးကူးစက်လောင်ကျွမ်းစေခဲ့သူ ဦးမြင့်ဆွေအားသက်ဆိုင်ရာမြို့နယ်ရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)