ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာဖြင့် အတန်းတင် စာမေးပွဲများ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာဖြင့် အတန်းတင် စာမေးပွဲများ စတင်ဖြေဆို














MNP ၊ မတ် ၁၇

၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အတန်းတင် စာမေးပွဲတွေကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတွေမှာတက်ရောက်ပညာ သင်ကြားနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေဟာ မတ်လ (၁၇)ရက် နေ့မှစတင်ကာအတန်းတင်စာမေးပွဲတွေကို စတင်ဖြေဆိုနေကြပြီ ဖြစ်တယ်လို့သိရှိရပါသည်။


အဲဒီလိုအတန်းတင်စာမေးပွဲတွေကို စတင်ဖြေဆိုနေရာမှာတော့ ပေါ်င်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်း(၁၆၀)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတန်းတင်စာမေးပွဲကို မိမိတို့သက်ဆိုင်ရာ ကျောင်းအလိုက်မှာအေးချမ်းပျော်ရွှင်စွာဖြင့် စတင်ဖြေဆိုနေကြပြီဖြစ်တယ်လို့ ပေါင်မြို့နယ် ပညာရေးမှုးရုံးမှပညာရေးမှုး ဒေါ်စန်းစန်းအေး ထံမှသိရှိရပါသည်။


အခုလိုအတန်းတင်စာမေးပွဲတွေကို စစ်ဆေးတာဟာ အခြေခံပညာအဆင့်အလိုက် ၂၀၂၀_၂၀၂၁ ပညာသင်နှစ်မှာသင်ကြားခဲ့တဲ့သင်ခန်းစာတွေထဲကမှ စစ်ဆေးပေးတာဖြစ်ပြီး Grade (4) စတုတ္ထတန်းနှင့်Grade (9) အဌမတန်း ကတော့အစိုးရစစ် ဖြစ်ကာ အလယ်တန်းအဆင့်ပြီးမြောက်မှုကို စစ်ဆေးတာဖြစ်တယ်လို့ သိရှိရပြီး ယခုအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် Grade(4)ကိုတော့ သက်ဆိုင်ရာကြောင်းများမှ မေးခွန်းထုတ်ကာ Grade(9) အဋ္ဌမတန်းကိုတော့ မြန်မာနိုင်ငံစာစစ်ဌာနမှညွှန်ကြားချက်တွေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးမှ မေးခွန်းထုတ်တာဖြစ်တယ်လို့သိရှိရပါတယ်။ 


ပေါင်မြို့နယ်မှာ Grade (9) ဝင်ရောက်ဖြေဆိုသူဦးရေ (၉၃၀)ဦးရှိပြီး စာစစ် ဌာန( ၂၄) ခု မှာ အေးချမ်းပျော်ရွှင်စွာဖြင့်အတန်းတင်စာ မေးပွဲကိုဖြေဆိုလျက်ရှိကြတယ်လို့သိရှိရပါသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)