MNP ၊ မတ် ၁၇
လူမှုကွန်ရက်စာမျာနှာတွင် ငွေစက္ကူအတု အရောင်းအဝယ်ပြုလုပ်နေမှု သတင်းများထွက်ပေါ်လျက်ရှိရာ ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူအတု ပြုလုပ်သူနှင့် ဝယ်ယူသူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၂ တွင် မည်သူမှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း သိုမဟုတ် ပြည်ပသိုတင်ပိုခြင်း မပြုလုပ်ရ ဟူ၍ပြဌာန်းထားသည်။
ဖော်ပြပါ ပုဒ်မ ၁၀၂ အားဖောက်ဖျက်ကျူးလွန်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၆ အရ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ်၂၀ အထိ ချမှတ်ရမည်။ ထို့အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။ ထို့အပြင် နိုင်ငံတော်ရှိ အခြားသော တည်ဆဲဥပဒေများနှင့်အညီ ထပ်မံအမှုဖွင့်တရားစွဲအရေးယူခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
နိုင်ငံရေးဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အလုံးစုံပျက်သုဉ်းရေးလှုံ့ဆော်နေသူများကလည်း ၁၀၀၀၀တန်၊ ၅၀၀၀တန်များ သိမ်းဆည်းမည်ဟူသော မမှန်သတင်းဖြန့်ဝေလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့်အပေါ် လုံးဝမှန်ကန်မှုမရှိကြောင်း၊ သိမ်းဆည်းမည်မဟုတ်ကြောင်း ဗဟိုဘဏ်က အတိအလင်း ပြောဆိုထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment