ကသာမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 



MNP - မတ်    ၂၆

စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကသာမြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် အသုံးဝင်ပုံများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၀၂)ကတ်ကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်တွင် ပန်းခင်းစီမံချက်၏ သတ်မှတ်ကာလအတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ရုံးတွင်လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကွင်းဆင်း၍ လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကသာခရိုင်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရမည့်ဦးရေမှာ (၂၇၀၁၇) ဦးဖြစ်ကာ ယနေ့အထိ ဆောင်ရွက်ပြီးသည့်ဦးရေမှာ (၁၂၀၇၉)ဦး ရှိပြီဖြစ်၍ ရာခိုင်နှုန်းအနေဖြင့် (၇၀.၉၄)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)