ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ အောင်မြင့်မိုရ်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်း၊ အလှူငွေလှူဒါန်းမှုများအား လက်ခံရယူခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ အောင်မြင့်မိုရ်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်း၊ အလှူငွေလှူဒါန်းမှုများအား လက်ခံရယူခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်

 


MNP - မတ်   ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ အောင်မြင့်မိုရ်သို့ ယနေ့နံနက် (၈:၂၀)အချိန်က ရောဂါကုသပေးလျှက်ရှိသော မြေပြင်အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများအား ပြုစုကုသမှုပေးလျှက်ရှိသည့် အခြေအနေများနှင့် လှူဒါန်းထားရှိသော အလှူငွေများအား လက်ခံရယူခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်မြင့်မိုရ် ကုသရေးစင်တာ တာဝန်ခံ  ဦးစည်သူ (ဒု-အထွေထွေအုပ်ချုပ်ရေးမန်နေဂျာ၊ ရွှေသံလွင်ကုမ္ပဏီ)မှ စင်တာဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ကုသရေးစင်တာတွက် လက်ရှိကုသမှုပေးနေသော အခြေအနေများနှင့် ရောဂါပြန်လည်သက်သာလာသူများအား ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုသည့် အရေအတွက်တို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကာ တက်ရောက်လာသော အလှုရှင်(၆)ဦးမှ လှုဒါန်းသော (တန်ဖိုးငွေကျပ်၂၅သိန်း) နှင့် ကာကွယ်ရေးသုံး ပစ္စည်းများအား လက်ခံရယူပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ကုသရေးစင်တာရှိ  ဆရာဝန်များရုံးခန်း၊ PPE အဝတ်လဲခန်း၊ ဆေးစတိုခန်း၊ Oxygen Plan ဆောင်ရွက်နေမှုအခြေအနေနှင့် လူနာများထားရှိရန် ပြင်ဆင်ထားသောအခန်းတို့အား လိုက်လံကြည့်ရှုခဲ့ပြီး စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - သက်မင်းဟန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)