ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း တွံတေး၌ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း တွံတေး၌ဆောင်ရွက်


MNP - မတ်    ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွင် အသဲရောင်အသားဝါ(ဘီ)၊ ပြင်းထန်းအဆုပ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော့စသည့်(၅)မျိုးစပ် ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကြက်ညာချောင်းဆိုး ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါများ ကိုကလေးများ အတွက် ကာကွယ်ပေးကြောင်း တာဝန်ရှိသူဆရာမ ဒေါ်မေမေဦးထံမှ သိရှိရသည်။

ဆေးထိုးဆေးတိုက်ခြင်းကို ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် ဆောင်ရွက်တာဖြစ်ကာ မြို့ပေါ်ရပ်ကွက်များနည်းတူကျေးရွာများ၌ပါလစဉ်၁ရက်နေ့မှ စတင်ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်ပေါ်စေရေး ကျန်းမာရေးဝန်ထမ်းများက တစ်နေ့ကို ကလေး (၅၀)ဦးကိုသာ ကာကွယ်ဆေးထိုးဆေးတိုက်ဆောင်ရွက်ကြောင်း သိရှိရသည်။

တွံတေးမြို့ပေါ်(၈)ရပ်ကွက်တွင် ကလေးငယ်(၆၀၀)နီးပါးကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ရကြောင်း သိရှိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)