ပြည်မြို့တွင်၂၀၂၂ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရကျင်းပသည့် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့တွင်၂၀၂၂ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရကျင်းပသည့် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - မတ်     ၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌  ၂၀၂၂ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စကက်ဘော ပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတို့၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပြည်မြို့ယဉ်ကျေးမှုရုံ၌ ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ကော်မတီဝင်များ၊ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ဒိုင်အဖွဲ့နှင့် အားကစားသမားများ တက်ရောက်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနား၌ သုံးယောက်တွဲဘိလိယက်နှင့် စနူကာပြိုင်ပွဲ၊ သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘတ်စကက် ဘောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်းနှင့် ယင်းပြိုင်ပွဲများကို ပြည်မြို့ယဉ်ကျေးမှုရုံ၌ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ရက်နေ့အထိ ငါးရက်ကြာကျင်းပခဲ့ပြီး ပြိုင်ပွဲများတွင် ပြည်မြို့ပေါ် ရပ်ကွက် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် အလွတ်တန်း အားကစား ဝါသနာရှင်ပြည်သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)