လွိုင်လင်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေး



MNP - မတ်    ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အတွင်း၌ ရုံးဌာနအဆောက်အဦများနှင့်ပတ်သက်၍ လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက  နည်းပညာတက္ကသိုလ်(ပင်လုံ) နှင့် လွိုင်လင်ခရိုင် မီးသတ်စခန်းတွင် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ယနေ့နံနက်(၁၀)နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် မြန်မာ အိမ်ဆောက်သူ ကုမ္ပဏီမှာ တာဝန်ယူတည် ဆောက်နေသည့် ၁၀၀ ဦးဆံ့ ကျောင်းသား အိပ်ဆောင်(၂) ထပ် RC တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောစစ်ဆေးရာ တာဝန်ခံပါ မေက္ခချုပ် ဒေါက်တာထွန်းမြင့်နှင့် ကုမ္ပဏီတာဝန်ရှိသူများက ကြိုဆိုကြပြီး လုပ်ငန်ခွင်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် သူရိယနဂါး အာမာန် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် လေးခန်းတွဲ လေးထပ် ဆရာ/ဆရာမ ဆောင် RC (၁၀၀ ပေ၊ ၃၀ ပေ) အဆောင်၊ အဝင်လမ်း ( ၁၀၀ ပေ ၊ ၁၂ ပေ ၊ ၈ လက္မ)၊ ပြင်ပရေ ( ၄ လက္မ အဝိစိတွင်း၊ ဂါလံ ၁၂၀၀ ဆံ့ မြေအောက်ရေလှောင်ကန်  ၊ 5.5 HP Summersible Pump နှင့် အဆောက်အဦ) ပြင်ပမီးသွယ်တန်းခြင်းလုပ်ငန်းခွင်သို့ ဆက်လက်သွားရောက် စစ်ဆေးကြသည်။ ထိုမှတစ်ဆင့် ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ခရိုင်မီးသတ်စခန်းတွင် ဝင်းထက်မြန်မာ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့်  ၂၀၂၁ -၂၀၂၂ ဘဏ္ဍ၁နှစ် (နှစ်တိုး)တွင် ရှမ်းပြည် နယ် အစိုးရငွေလုံးငွေရင်းရန်ပုံငွေ  (၆၀ ပေ ၊ ၂၅ ပေ ၊ ၁၂ ပေ )ရှိ  RC  ၁ ထပ်လူပျိုဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလာရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ ကုမ္ပဏီတာဝန်ရှိသူများက ကြိုဆိုကြပြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း  ဝင်ရောက်၍ ကြည်ရှု့ပြီး အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များက စစ်ဆေးကြသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီက သွားရောက်စစ်ဆေးခဲ့သည့် လုပ်ငန်းများတွင် နည်းပညာတက္ကသိုလ်(ပင်လုံ) မှ တည်ဆောက်ရေးလုပ်ငန်း နှစ်ခုသည် ( ၇၅ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မီးသတ်စခန်းမှ လုပ်ငန်းသည် (၁၀၀ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)