ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ (၁၅၆၇) ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ (၁၅၆၇) ဦး ဝင်ရောက်ဖြေဆိုမည်



MNP - မတ်     ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၅၆၇) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံခါး)၊  အခြေခံပညာ အထက်တန်းကျောင်း(ပဲနွယ်ကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(တောကျွဲအင်း)၊ အခြေခံပညာ အထက်တန်း ကျောင်း(ဖဒို)၊အခြေခံပညာအထက်တန်းကျောင်း(မြို့ချောင်း) အပါအဝင် စာစစ်ဌာန (၅)ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။

ကျောက်တံခါး မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ(၁၂၅၇) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၆၉၄) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၂၈၆) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၂၇၇) ဦး၊ ပြင်ပဖြေဆိုသူ (၃၁၀)ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၁၉၂) ဦး၊အတွဲ(၂)  ဖြေဆို သူ(၅၇)ဦး ၊ အတွဲ (၇) ဖြေဆိုသူ (၆၁)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - စန်းစန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)