ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်



MNP - မတ်   ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အထက (ထန်းတပင်)၊ အထက(ဇရပ်ကြီး)၊ အထက(လှည်းလမ်းကူး) ကျောင်းများ၌ စာမေးပွဲဖြေဆို နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းထွန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းများတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေး မှာကြားခဲ့ကြကြောင်း သိရှိရသည်။

ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ဇရပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် လှည်းလမ်းကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း  အပါအဝင် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။ ထန်းတပင်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ (၄၇၇)ဦး၊ ပြင်ပ‌ဖြေဆိုသူ(၁၀၇)ဦး စုစု‌ပေါင်း ဖြေဆိုသူ(၅၈၄)ဦးတို့က ၃၁ .၃.၂၀၂၂ ရက်နေ့မှ ၉.၄.၂၀၂၂ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)