သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေးအတွက် မော်လမြိုင်မြို့၌ မြေစိုက်ဘုတ်များ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေးအတွက် မော်လမြိုင်မြို့၌ မြေစိုက်ဘုတ်များ စိုက်ထူ



MNP - မတ်    ၃၀

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးဆောင်၍ ရာသီ အလိုက် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတ များရရှိစေရန်ရည်ရွယ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူခြင်းကို မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံအနီး ဟိန္ဒူဘုရားကျောင်းရှေ့နှင့် ကွင်းရပ် ရပ်ကွက်၊ ကျောက်မီးသွေးရုံအနီး ငါးဈေးတန်းအရှေ့ဘက်တို့တွင် ၉ ပေ ၆ ပေ မီးဘေးအန္တရာယ်အသိပညာပေးဗီနိုင်း (၂)ချပ်တို့ကို စိုက်ထူပေးခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာများ ပိုမို ရရှိစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန် ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး မြေစိုက်ဘုတ်များ စိုက်ထူပေးခြင်း၊ သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေး မြေစိုက်ဆိုင်းဘုတ်များ စိုက်ထူပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ  မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ယခုအချိန်အထိ အသိပညာပေး မြေစိုက်ဆိုင်းဘုတ် စုစုပေါင်း (၃၆) ခု အားစိုက်ထူပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)