တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်







MNP - မတ်    ၂၉

၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်စဉ်နှစ်တိုင်းအစဉ်အလာအရ  ကျင်းပလာခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီးပြုလုပ်သောအစည်းအဝေးဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့သည်ဆိုသော်လည်း ပြီးခဲ့သောနှစ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပမှုမရှိခဲ့ကြောင်း၊ သင်္ကြန်ပွဲတော်သည် နှစ်စဉ်နှစ်တိုင်းဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ စိတ်ကျဉ်းကြပ်နေမှုများကို လျှော့ချနိုင်ရန်သော် လည်းကောင်း ကျင်းပပြုလုပ်သောပွဲတော်ဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့်လည်း လွတ်လွတ်လပ်လပ် အနားယူရသော ပွဲတော်လည်းဖြစ်ပြီး ဘာသာရေးအနေဖြင့် တရားဘာဝနာပွားများသော အချိန်အခါလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူ သင်္ကြန်ပွဲတော်တွင် ပျော်ပျော်ရွှင်ရွှင်ဖြစ်စေချင်ကြောင်း၊ တိုင်းဒေသကြီးတွင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များပြုလုပ်ပေးထားကြောင်း၊ သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအနေဖြင့် ဝိုင်းဝန်းပြီးအကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါ ကျဆင်းလာပြီးဖြစ်သော်လည်း ပေါ့ဆ၍မရကြောင်း၊ ဦးစားပေးအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဖိဖိစီးစီး လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီများက မဏ္ဍပ်ဆောက်လုပ်ရေးနှင့်အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဗဟိုသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအကစိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲကျင်းပရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပွဲကျင်းပရေး စသည်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)