MNP ၊ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတ်မှတ်အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် တာဝန်(၃)ရပ်၊ ကလေးအလုပ်သမားမဖြစ်စေရန်ကာကွယ်ပေးရေးအသိပညာပေးရုပ်ပုံများ၊ ကလေးသူငယ်အခွင့်အရေးညီလာခံ၏ သဘောတူညီချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးအပြည်ပြည်ဆိုင်ရာနှစ်အတွက် လမ်းပြမြေပုံ၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ရုပ်ပုံများ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင် စာရင်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ ပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည်တို့ကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိသတ် လူကြီး၊ လူငယ်များ စိတ်ဝင်စားစွာလာရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။
တို့နောက် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကူးမြို့နယ်ရုံး ဝန်ထမ်းများက လူစည်ကားသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေခဲ့ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment