ရသေ့တောင်မြို့နယ်၌အဋ္ဌမအသုတ်(ပထမ)အကြိမ်ကိုဗစ်-ကာကွယ်ဆေးCOVAXINထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌အဋ္ဌမအသုတ်(ပထမ)အကြိမ်ကိုဗစ်-ကာကွယ်ဆေးCOVAXINထိုးနှံပေး






MNP ၊ မတ် ၁၇

ရခိုင်ပြည်နယ် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့်ပြည်သူများအားအဋ္ဌမအသုတ်(ပထမ)အကြိမ်ထိုးနှံပေးခြင်းတို့ကိုယနေ့နံနက်၉နာရီမှညနေ၄နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံအစည်း‌ အဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

           

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးကဦးဆောင်ပြီး ကျန်းမာရေး ဝန်ထမ်း များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင် ရွက် ပေးကာ ပုံမှန် ကျန်းမာရေးအခြေ အနေရှိသူများကိုသာကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအားမိနစ်၃၀ ခန့် စောင့်ကြည့်ကာထိုးနှံပေးလျက်ရှိသည်။အဋ္ဌမအသုတ်(ပထမ)အကြိမ်ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း၁၁၃ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)