ဂွမြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် Mobile Team ဖြင့် ကာကွယ်ဆေးများလိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် Mobile Team ဖြင့် ကာကွယ်ဆေးများလိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်



MNP ၊  မတ်  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားနိုင်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် မတ်လ(၁၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ  Mobile Team ဖြင့်  ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မတ်လ(၁၈)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် ရဟိုင်ကူးတို့ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် လည်းကောင်း၊ ဆပ်သွားစုရပ်အဖြစ် တိုင်ကျိုးကျေးရွာတွင် လည်းကောင်း၊ ကျိန္တလီစုရပ်အဖြစ် ဆူးပုတ်ကုန်းကျေးရွာတွင်လည်းကောင်း၊ မတ်လ(၂၀)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် ဗောဓိကျေးရွာနှင့် ဒေါင့်ချောင်း ကျေးရွာတို့တွင် လည်းကောင်း၊ ဆပ်သွားစုရပ်အဖြစ် ရွှေဦးကွင်းကျေးရွာတွင် လည်းကောင်း၊ ကျိန္တလီစုရပ်အဖြစ် ရှောက်ကုန်းကျေးရွာတွင်လည်းကောင်း၊ မတ်လ(၂၂)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် တင်းတောကျေးရွာနှင့် ဇီးခုံကျေးရွာတို့တွင် လည်းကောင်း၊ ဆပ်သွားစုရပ်အဖြစ် ကင်းပုံကျေးရွာတွင် လည်းကောင်း၊ ကျိန္တလီစုရပ်အဖြစ် သဲကုန်းကျေးရွာတွင်လည်းကောင်း၊ မတ်လ(၂၈)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် ညောင်ချောင်းကျေးရွာနှင့် လောင်းကျိုးကျေးရွာတို့တွင် လည်းကောင်း၊  ကျိန္တလီစုရပ်အဖြစ် ကြွေချိုင် ကျေးရွာတွင်လည်းကောင်း၊ မတ်လ(၂၉)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် ပေါက်တူးကျေးရွာနှင့် သစ်ကောက်ကျေးရွာတို့တွင် လည်းကောင်း၊  ကျိန္တလီစုရပ်အဖြစ် ဘဝင် ကျေးရွာတွင်လည်းကောင်း၊ မတ်လ(၃၀)ရက်နေ့၌ ဂွမြို့စုရပ်အဖြစ် တောင်ပေါက်ကျေးရွာနှင့် မကျေးငူကျေးရွာတို့တွင် လည်းကောင်း၊  ကျိန္တလီစုရပ်အဖြစ်ရေကျော် ကျေးရွာတို့တွင်လည်းကောင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ကျေးရွာများသို့ အရောက် ကွင်းဆင်း၍  ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)