ကျိုက်လတ်၌ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဌာပနာတော်ပိတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဌာပနာတော်ပိတ်ပူဇော်ပွဲကျင်းပ


               

MNP - မတ်    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တပေတမော့ ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာရှိ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာကျောင်းအတွင်း၌ တည်ထားကိုးကွယ်သည့် "ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး" အား ဆရာတော် ဦးဓမ္မသုခက ဦးဆောင်၍ ယမန်နေ့ နံနက် (၇)နာရီခွဲအချိန်ခန့်ကစ၍ ဌာပနာပိတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအနေကဇာတင် ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်များထံသို့ ဌာပနာထည့်သွင်းရန် လှူဒါန်းထားသည့် ရတနာစီချယ်ထားသော စိန်ဖူးတော်ကို ဘုရားဒါယကာ ဦးလှထွန်းအောင်၊ ဘုရားဒါယိကာမ ဒေါ်နုနုရင်တို့က လည်းကောင်း၊ ပရိက္ခရာ ၈ ပါးကို ခရိုင်ဒုတိယရဲမှူးကြီး အောင်ဝင်းက လည်းကောင်း၊ သတ္တဌာနကို ခရိုင်လဝကဦးစီးမှူး ဦးဇော်နိုင်အေးက လည်းကောင်း၊ ဓမ္မစကြာ ရုပ်ပွားဆင်းတုတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ ပိဋကတ်တော်ကိုအဖွဲ့ဝင်-၁ ဗိုလ်မှူးရဲမင်း၊ ရွှေစေတီတော်ကို အဖွဲ့ဝင်-၂ ဦးစိန်မြင့်၊ ငွေစေတီတော်ကို အဖွဲ့ဝင်-၃ ဦးထွန်းဆွေ၊ ရွှေဆင်းတုရုပ်ပွားတော်ကို အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ဝင်း၊ ငွေဆင်းတုရုပ်ပွားတော်ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် အခြားလှူဒါန်းသည့် ပစ္စည်းများကိုအလှူရှင်များက အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကို ဌာပနာထည့်သွင်းမည့် ဌာပနာတော်များဖြင့် လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး ဌာပနာတိုက်သို့ ထည့်သွင်းပူဇော်ရမည့် အစဉ်အတိုင်း ဌာပနာတော်များကို ထည့်သွင်းပူဇော်ခဲ့ကြပြီး ဌာပနာတော်ပိတ်ပူဇော်၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ဘုရားအမှူးရှိသော သံဃာတော်အပါး (၅၀)တို့ကို ပစ္စည်းလေးပါးနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆွမ်းတော်ကြီး လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)