MNP - မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းကလျာခိုင်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောရာတွင် မီးခိုးမြူငွေ့၏ အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ် လာခြင်းအကြောင်းများ၊ ဆိုးကျိုးများ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာစေနိုင်သော ရောဂါများအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။ဆက်လက်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ(တာဝန်ပေး) က ဆုများကို အသီးသီးချီးမြှင့်ပေးအပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - စန်းကလျာခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment