MNP - မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိ ပညာပေးခြင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အထက(ဝမ်းတွင်း)၊ အထက(သဲတော) တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် စာစစ်ဌာနများအတွင်း လျှပ်စစ်မီးသွယ်တန်းကြိုးများ နှင့်မိန်းခုံများ စစ်ဆေးခြင်း၊ ကျောင်းတွင်းမီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ဆေးဗူးများ ထားရှိရေးနှင့်အသုံးပြုပုံများ၊ ရေစင်၊ ရေအုတ်ကန်များအတွင်း ရေလုံလောက်စွာ ထားရှိရေးများကို ညှိုနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးထွန်းနှင့် မီးသတ်စခန်းတာဝန်ခံအရာရှိများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဌေးလှိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment