မောက်မယ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်း ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ထားပြီး အသိပညာပေးရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်း ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ထားပြီး အသိပညာပေးရှင်းလင်း



MNP - မတ်   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အရေးပါပုံအကြောင်း အသိပေးရှင်းလင်းခြင်းနှင့် အသိပညာပေးရှင်းလင်းခြင်းပိုစတာများ လှည့်လည် ကပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့အဝင် အထွက်ဂိတ်၊ တည်းခိုခန်း၊ ကားဂိတ်များနှင့် လူစည်ကားရာ နေရာတို့တွင် ကပ်ခဲ့ကြကြောင်းသိရသည်။

ထိုအသိပေးရှင်းလင်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးငွေထွန်းက အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ် ရသေးသူများ ပန်းခင်းစီမံချက်ကာလအတွင်း အပြီးတိုင်ပြုလုပ်သွားရေး ၊ ခရီးသွား လာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပါရှိမှသာ နေထိုင်သွားလာခွင့်ရရှိမည့်အကြောင်းနှင့် အသက် ၁၀ နှစ်ပြည့်၊ အိမ်ထောင်စု လူဦးရေဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးမှုကိုလည်း သတ်မှတ်ပုံစံလျှောက်လွှာရယူလျှောက်ထားနိုင်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအနေဖြင့် ဌာနနှင့်ပတ်သက်သည့်လုပ်ငန်းများကို ဌာနဝန်ထမ်းများမှ မှန်ကန်တိကျစွာဖြင့် အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း အသိပေး ရှင်းလင်းပြောကြားခဲ့သည်။

သတင်း - စိုင်းမျိုးသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)