ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ



MNP -  မတ်  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဥစိုက်ပျိုးခြင်းဖြင့်  မိသားစုအပို ဝင်ငွေရရှိသဖြင့် ဝဥကို ကျေးရွာအသီးသီးရှိဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။

ရေဖြူမြို့သည် မိုးများ‌သည့်ဒေသဖြစ်သည့်အားလျော်စွာ မိုးရွာသည်နှင့်တပြိုင်နက် မြေကြီး ပေါ်၌ ဝဥပင်များ ထိုးထွက်ပေါ်နေပြီဖြစ်သည်။ ဝဥအရိုင်းနှင်ဝယ်ယူရသော အယဉ်ဟူ၍ နှစ်မျိုး ရှိရာ ‌ဝဥအရိုင်းကို တောထဲတွင် သဘာဝအလျောက်ပေါက်ရောက်နေသောနေရာတွင် အလွယ်တကူရှာဖွေကာ မျိုးပင်များယူလာ၍ မိမိအိမ်ဝင်း သို့မဟုတ် ဥယျာဉ်ခြံများတွင် စီးပွားဖြစ် စိုက်ပျိုးနိုင်သည်။ ဝဥအယဉ်ပင်ကို ဝယ်ယူ၍ စိုက်ပျိုးရသည်။

ရေဖြူမြို့နယ်ရှိ ‌ရော်ဘာခြံများ၊ ကွမ်းသီးပင်နှင့် မန်ဂျန်ရှားပင်စိုက်ခင်းများတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးကြသည်။ မိုးဦးရာသီတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် တူးဖော်ရောင်းချ ကြသည်။ ဈေးကွက်ဝင် ဝဥမှာ တစ်လုံး ၅၀ကျပ်သားမှ သုံးလေးပိဿာအထိ ရှိပြီး တစ်ပိဿာ လျှင် ၈၀၀ ကျပ်မှ တစ်ထောင်ကျော်အထိ ရရှိနိုင်သည်။

တစ်ခါစိုက်ပျိုးပြီးလျှင် ၎င်းမြေနေရာတွင် ပြန်လည်ပေါက်၍ ပြန်စိုက်ရန်မလိုပဲ ပေါင်းမြက်ရှင်းပေးရန်သာလိုသည်။ မြေစေးမှလွဲ၍ မည်သည့်မြေအမျိုးစားမဆို ပေါက်ပြီး ကုန်ကျစရိတ် နည်းပါးသည့် အပင်ဖြစ်သည်။

မိမိခြံဝင်းထဲ၊ ဥယျာဉ်ထဲတွင်ပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရင်းနှီးမြုပ်နှံမှုများစွာ မလိုဘဲ မိသားစု အပိုဝင်ငွေ ရရှိနိုင်ပါသည်။ ဝဥ တစ်ပိဿာလျှင် ၈၀၀ ကျပ်ရရှိပါက ၁၀ ပေပတ်လည်စိုက်ပျိုးထားရုံနှင့်ပင် ဝင်ငွေ တစ်သိန်းရရှိမည်ဖြစ်ကာ တစ်ဧက စိုက်ပျိုးထားပါက သိန်းနှစ်ဆယ်ဝန်းကျင်ရရှိမည်ဖြစ်ကြောင်း ဧကနိကျေးရွာ ဝဥစိုက်ပျိုးထားသော တောင်သူ ဦးသန်းဌေးက ပြောပြပါသည်။ တခြားသွားရောင်းစရာ မလိုဘဲ  ရွာ၌ပင် ဝဥအခြောက်လုပ်ငန်း လုပ်ကိုင်သူကို တိုက်ရိုက်ရောင်းချနိုင်ကြောင်းသိရသည်။

ရေဖြူဒေသ၌ ရာဘာဈေး၊ ကွမ်းသီးဈေး ဈေးမမှီသောနှစ်တွင် မိသားစုဝင်ငွေ ဟန်မပျက် ရပ်တည်နိုင်ပြီး၊ သစ်ရိပ်ဝါးရိပ်အောက် သဘာဝမြေဩဇာဖြင့်ပင် ရှင်သန်ကြီးထွားနိုင်သဖြင့် ရေဖြူမြို့နယ်ရှိ ရာဖူး၊ လော့သိုင်း၊ ဧကနိ၊ ကလုံးထာကျေးရွာများတွင် ‌ရော်ဘာစိုက်ခင်း၊ ကွမ်းသီးပင် စိုက်ခင်းများ၌ ကြားသီးနှံအဖြစ် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

သတင်း - ဖြူဖြူရှိန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)