မင်းကင်းမြို့ ကားကြီးဝန်းအနီး၌ မြို့တော်ခန်းမတည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့ ကားကြီးဝန်းအနီး၌ မြို့တော်ခန်းမတည်ဆောက်



MNP - မတ်    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ ကားကြီးဝန်းအနီး၌မြို့တော်ခန်းမ တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ငွေကြယ်ပွင့် ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၂၉ ဒသမ ၅ ကျပ်သန်းဖြင့် လေလံတင် အောင်မြင်ပြီး တည်ဆောက်ခဲ့ရာ ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ပြန်လည်အပ်နှံသဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ တာဝန်ယူတည်ဆောက်နေပြီ ဖြစ်သည်။

အဆိုပါ ခန်းမမှာ အလျား ၁၇၄ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၂၂ ပေဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၁၀၀၀၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်တွင်လည်း ကျပ်သိန်း ၁၀၀၀ နှင့်(၉)ပင် (၁၃)ပင် သံကူကွန်ကရစ် အဆောက်အဦဖြစ်ရာ ယခုအချိန်၌ ၅၀% ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ကြီးကြပ်ရေး ကော်မတီအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။

သတင်း - လှငွေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)