နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဖွင့်

MNP - မတ်    ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်(၆၀)ပြည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပူတာအိုခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တိုးချဲ့ဖွင့်လှစ်ခြင်း အအခမ်း အနားကို ယနေ့ နံနက်(၉)နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်၌ ကျင်းပသည်။

ရုံးဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က ဦးစီး ဌာနရုံး ဖွင့်လှစ်ခြင်းအားဖြင့် ဒေသထွက်စိုက်ပျိုးရေးသီးနှံများ၊ ကြိမ်၊ ဝါးနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းခိုင်မာအားကောင်း၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေ ပိုမိုဖွံ့ဖြိုးတိုးတက်ရရှိလာမည်ဖြစ် ကြောင်းပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေလှိုင်ဦးက ဦးစီးဌာန၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ ရုံးဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ရုံးဖွင့်လှစ်ခြင်းဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ၊ မြန်မာ့ရိုးရာပန်း (၁၀) မျိုး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများ ပူတာအိုဒေသတွင် ဖွံ့ဖြိုးတိုးတက်လာပါက မိသားစု ဝင်ငွေ တိုးတက်ရရှိခြင်း၊ စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိခြင်း၊ ပြည်ပ သွင်းကုန် အစားထိုးစားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)