အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့်အိမ်ထောင်စု (၃၀၇)စု အားမိမိနေရပ်သို့ ပြန်လည်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့်အိမ်ထောင်စု (၃၀၇)စု အားမိမိနေရပ်သို့ ပြန်လည်ပို့ဆောင်







MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်းစ ခန်း (၂ )ခုနှင့် ရပ်ကွက်အတွင်းရှိဆွေမျိုးများထံ၌ ခိုလှုံနေသူ အိမ်ထောင်စု (၃၀၇)စု လူဦးရေ(၅၂၇) ဦးတို့အား ယနေ့ နံနက် ၉ နာရီအချိန်က အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မိုးလုံလေလုံအားကစားခန်းမရှေ့ စုရပ်မှ မိမိတို့နေရပ်သို့ ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပို့ဆောင်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင် ရာတာဝန်ရှိသူများကကြည့်ရှု၍ အားပေးစကား ပြောကြားကာ နယ်မြေခံ တပ်မတော်သားများ၊မြို့ နယ်ရဲတပ်ဖွဲဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မိမိတို့၏နေရပ်ဌာနသို့ပြန်လည်သွားရောက်မည့် အိမ် ထောင်စု (၃၀၇) စု လူဦးရေ (၅၂၇) ဦးတို့၏ ပစ္စည်းများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ထားသောမော်တော်ယာဉ်(၁၈)စီးပေါ်သို့ စနစ်တကျသယ်ယူပြောင်းရွေ့ပေးကာ ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)