တံတားမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ဆက်လက်ထိုးနှံပေး



MNP -  မတ်   ၂၃

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား (Covishied Vaccine) ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ရပ်ကွက်များအတွင်း Mobile အဖွဲ့ဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုအလိုက် သက်ဆိုင်ရာရပ်ကွက်များတွင် စုရပ်နေရာများခွဲကာ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသော ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန်  ရောက်ရှိလာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ တံတားမြို့အမှတ်( ၁၊၂၊၃၊၄ ) ရပ်ကွက်များတွင် ကာကွယ်ဆေးထိုးရန် စာရင်းရှိလူဦးရေ (၇၀၂၇)ဦး၊  ကာကွယ်ဆေးထိုးနှံပြီး လူဦးရေမှာ (၆၅၂၈)ဦးဖြစ်ပြီး ကျန်ရှိလူဦးရေ (၄၉၉)ဦး တို့ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း -  မိုးဖြူလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)