တောင်ငူ၌ နွေစပါးစိုက်ပျိုးမှု လျာထားချက်ထက်ကျော်လွန်စိုက်ပျိုး ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူ၌ နွေစပါးစိုက်ပျိုးမှု လျာထားချက်ထက်ကျော်လွန်စိုက်ပျိုး ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်

 



 MNP - မတ်    ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားချက်ထက် ၁၁၃၀ ဧကကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်ငူမြို့နယ်အနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုကို ကျေးရွာအုပ်စုပေါင်း ၃၀ အုပ်စုရှိ ကွင်းပေါင်း (၁၀၁) ကွင်းတွင် စပ်မျိုးစပါးဖြစ်သည့် နယူးဧရာ -၁  ၊ အထွက်ကောင်းမျိုးများ ဖြစ်ကြသည့် နှံကောက်၊ ရက် ၉၀၊ ဗျော့ထွန်း၊ ဆင်းသုခ၊ မှော်ဘီ -၃၊ နယူးဧရာ(၁၂)နှင့် အဆင့်မြင့်မျိုးများအဖြစ် ပြည်တော်ဝင်၊ ကောက်ညှင်းမွှေး စသည့် စပါးမျိုးများကို တောင်သူ ၄၄၈၅ ဦးက စိုက်ပျိုးထားလျှက်ရှိပြီး မျိုးစေ့ထုတ် စိုက်ဧကပေါင်း (၅၀၀) ကျော်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ စိုက်ပျိုးထားလျက်ရှိသည်။

လာမည့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်ထား လျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သက်လျင်အထွက်ကောင်းစပါးမျိုးများကို တောင်သူများအား ထားစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေးကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်ကောင်းပြီး အရည်အသွေးကောင်းမျိုးများကို တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ဆောက်ရွက်လျက်ရှိသည့်အပြင် တောင်သူတစ်ဦးချင်းစီ၏  ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မင်းလှိုင်ထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)