ပခုက္ကူမြို့၌မီးလောင်မှု Hostpot အရေအတွက်လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌မီးလောင်မှု Hostpot အရေအတွက်လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

 



MNP - မတ်    ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ မီးလောင်မှုHostpotအရေအတွက် လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့လယ် ၁နာရီ ကကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က နိုင်ငံသားတိုင်း လိုက်နာအပ်သည့် ကျင့်ဝတ်ငါးဖြာနှင့်အညီ ကျေးငှက်တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်နှင့် ရေချိုထိန်းသိမ်းရေးအကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေး ကဏ္ဍာ၊ သစ်ရွက်သစ်ဆွေးများ မီးမရှို့ဘဲ ‌မြေဆွေး၊ ‌မြေဆီ ပြုလုပ်သုံးစွဲရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေသူအောင်က မီးခိုးမြူငွေ့ ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ မီးလောင်မှု Hostpot လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာနည်းလမ်းများ ဟောပြောဆွေးနွေး ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် သင်တန်းနည်းပြများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ဟိန်းသူ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)