MNP - မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၇ နာရီအချိန်က ရေဖြူမြို့ပြည်လုံးချမ်းသာစေတီတော် ရင်ပြင်တွင် ကျင်းပကြောင်းသိရသည်။
အဆိုပါ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ရေဖြူမြို့ဓမ္မမာမကကျောင်းဆရာတော်ဦးဝေပုလ္လ ၏ ဦးဆောင်မှုဖြင့် ပြည်လုံးချမ်းသာစေတီတော်ရင်ပြင်တွင် တပေါင်းလဆန်း(၁၃)ရက်မှတပေါင်းလပြည့်နေ့အထိ အသံမစဲ မဟာပဋ္ဌာန်းကို သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ပူဇော်ပြီး ယနေ့နံနက်တွင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပင့်သံဃာ(၂၇)ပါးကြွရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းကာ သံဃာတော်များအားဆွမ်းဆန်စိမ်းလောင်းလှူကြောင်းသိရသည်။
သတင်း - ခတ္တာ
မြန်မာနေရှင်နယ်ပို့စ်






No comments:
Post a Comment