(၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ်၊ကဒါရပ်ကွက်၊ဘုရားကြီးလမ်းကတ္တလမ်းသစ်ဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ်၊ကဒါရပ်ကွက်၊ဘုရားကြီးလမ်းကတ္တလမ်းသစ်ဖွင့်ပွဲ ကျင်းပ








MNP ၊ မတ် ၁၈

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က ကဒါရပ်ကွက်၊ ဘုရားကြီးလမ်း၊ ကတ္တရာလမ်းသစ် ဖွင့်ပွဲကျင်းပသည်။

အခမ်းအနားတွင် ပေါင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှုး ဦးထွန်းထွန်းဦး က ကွန်ကရစ်လမ်းသစ်ခင်းခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကဒါရပ်ကွက် အုပ်ချုပ်ရေးမှုးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း၊ အမှုဆောင်အရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦး၊ရဲမှုး သံဘရောင် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်းသစ်တစ်လျှောက်ဖြတ်သန်းကြည့်ရှုသည်။

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေကျပ်(၂၉၈ )သိန်းဖြင့်၂၀၂၂ခုနှစ် ဇန်နဝါရီလ၊ နောက်ဆုံးပတ်မှစတင်ပြီးလမ်းအရှည် ၁၃၃၃ ပေ၊ အကျယ်၁၂ ပေ ထု   ၆ လက်မ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်၊ ရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်ရာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊လူမှုရေးအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။

ပေါင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှု၊ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့ပြနှင့် စည်ပင်

သာယာရေး နယ်နိမိတ်တွင်ပါဝင်သော ကျေးလက်များပါမကျန် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)